top of page

Wu-Tang Clan ဆိုသည်မှာ...

  • m9w3ya
  • Apr 1, 2023
  • 7 min read

" Wu-Tang clan လား ? ကျနော်နဲ့ ဘော်ဒါတွေ သူတို့အကြောင်းကို အမြဲပြောဖြစ်ကြပါတယ်

ကျနော်တို့ ကတော့ Wu-Tang Clan အဖွဲ့ဟာ Hip hop movement မှာ အကြီးမားဆုံးစွမ်းဆောင်ခဲ့ကြတဲ့ အဖွဲ့တွေထဲက တဖွဲ့ လို့ ထင်ပါတယ်ဗျ

လမ်းမ ဗန်းစကားတွေ အဝတ်အစားပုံစံတွေကအစ သီချင်းထဲ ထည့်သုံးတဲ့ skit တွေ sample တွေကော အပါအဝင်ပေါ့

Wu-Tang Clan ကို စတင်ဖွဲ့စည်းခဲ့တဲ့ RZA သုံးခဲ့တဲ့ Beat production style တွေပါ ကျနော်ကိုယ်တိုင် ပုံစံတူ လိုက်သုံးမိတဲ့အထိပါပဲ "


အပေါ်က စကားကို ပြောခဲ့တာက Beat production နဲ့ Rap skill မှာပါ ဆရာကျပြီး မကြာသေးခင်ကမှ Ye လို့ နာမည်ပြောင်းထားတဲ့ Kanye West ကိုယ်တိုင်ပဲ ဖြစ်ပါတယ်ဗျ


အွန်လိုင်း မီဒီယာ company တစ်ခုဖြစ်တဲ့ About မှာဆိုရင် Wu-Tang Clan ကို No.1 greatest Hip hop Group of all time လို့ သတ်မှတ်ထားပြီး


Rolling Stone magazine မှာအလုပ်လုပ်ခဲ့ဖူးသူ Kris ကလည်း Wu-Tang Clan ကို The best rap Group ever ဆိုပြီး ပြောခဲ့ပါသေးတယ်


ဗြိတိန်က အွန်လိုင်း ဂီတ website တစ်ခုဖြစ်တဲ့ NME ကလည်း Wu-Tang Clan ကို ပြီးခဲ့တဲ့ ၁၀နှစ်မှာ လူတွေအပေါ် လွှမ်းမိုးမူအများဆုံး Hip Hop အဖွဲ့ ဖြစ်တယ်လို့ ဆိုပါတယ်ဗျ


🔴 Wu-Tang Clan ဆိုတာ


Wu-Tang ဆိုတဲ့ နာမည်ကို ၁၉၈၃ ခုနှစ်မှာထွက်ထားတဲ့ Shaolin and Wu Tang ဆိုတဲ့ ဟောင်ကောင် ရုပ်ရှင်ကားနာမည်ကနေ ယူထားတာဖြစ်ပေမဲ့ Wu-Tang Clan ရဲ့ နာမည် အရှည်ကိုကျ " We Usually Take All N***as' Garments" လို့လည်း ပြောကြသလို

"Witty Unpredictable Talent And Natural Game" နောက်ပြီး "Wisdom of the Universe, and the Truth of Allah for the Nation of the Gods" လို့လည်း အဓိတ်ပ္ပါယ် ရှိတယ်လို့ ဆိုကြပါတယ်

( Wu-Tang ရဲ့ သီချင်းတွေထဲမှာလည်း အဲ့လို စကားလုံးအတို ဗန်းစကားတွေအများအပြားသုံးလေ့ရှိပါတယ် ဥပမာ Staten Island ကို Shaolin Land လို့ ထည့်သုံးထားတာမျိုး ပိုက်ဆံကို C.R.E.A.M လို့ သုံးတာမျိုးပါ _ C.R.E.A.M ရဲ့ အရှည်က Cash Rules Eveerything Arround Me လို့ ဆိုလိုပါတယ်ဗျ )


Wu-Tang Clan အဖွဲ့မှာ အဖွဲ့ဝင် ၉ ယောက်ရှိတာဖြစ်ပြီး အဖွဲ့လိုက်အနေနဲ့ကော အဖွဲ့ဝင်တစ်ယောက်ချင်းစီကပါ ကိုယ်ပိုင် သီိချင်းခွေတွေ ထုတ်ကာ အနုပညာကြေး Royalty များအောင် လုပ်ကြရုံတင်မကပဲ Wu-Tang Clan မှာ ကိုယ်ပိုင် အဝတ်အစား brand ဖြစ်တဲ့ Wu-Wear clothing line အနေနဲ့ပါ အဖွဲ့အတွက်ငွေအား တောင့်တင်းအောင် ကြိုးစားကြသူတွေလည်း ဖြစ်ပြန်ပါတယ်

1995 ခုနှစ် Enter the Wu-Tang ဆိုတဲ့ ပထမဆုံး အဖွဲ့လိုက် အခွေထွက်ပြီးတဲ့ နောက်မှာမှ Clothing line အလုပ်ကို စလုပ်ခဲ့တာဖြစ်ပြီး ၁၉၉၈ ခုနှစ်မှာတော့ ဒီအဝတ်အထည်ထုတ်တဲ့ အလုပ်ကနေ USD 10 millions အမြတ်ရရှိခဲ့ပြီးပြီလို့ ဆိုပါတယ်


အဲ့လို Clothing line တစ်ခု လုပ်ကာ ငွေရှာခြင်းကို အဖွဲ့ဝင် တစ်ယောက်ဖြစ်တဲ့ Method man ကတော့ သိပ်သဘော မတွေ့ခဲ့ပါဘူး တဲ့ဗျ

" Wu-Wear အနေနဲ့ ဖိနပ်တွေ ဘောင်းဘီတွေစထုတ်တော့ တော်ရိရော်ရိ အရည်အသွေးကြီးနဲ့ဗျ

ကျနော်ကတော့ အဲ့ဒါကြီး ဝတ်ပြီး ဘယ်တော့ မှ မဂေါ်နိုင်ဘူးဗျာ " လို့ Method Man က ဆိုပါတယ်


မည်သို့ပင် ဆိုစေကာမူ ၁၉၉၉ ခုနှစ်မှာတော့ Nike company နဲ့ collab လုပ်ကာ ထုတ်ထားတဲ့ Wu-Tang Nike dunk high sneaker ထွက်ခဲ့ပါတယ် အဲ့ဒီ ဖိနပ်ဟာ အရည်အတွက် အနည်းငယ်သာ ထုတ်ထားတဲ့ အတွက်ကော လူကြိုက်များတဲ့ အတွက်ပါ နောက်ပိုင်း ပြန်ရောင်းတဲ့ reseller prices ဟာ ဖိနပ်တရံကို အမေရိကန်ဒေါ်လာ ၇၅၀၀ ကျော်အထိ မြင့်တက်သွားခဲ့ဖူးပါတယ်


🔴 Wu-Tang Clan ရဲ့ စတင်ခြင်း


၁၉၈၀ နှောင်းပိုင်းနှစ်တချိို့မှာ အမေရိကန်နိုင်ငံ New York မြို့ Staten Island မြို့နယ်က ဝမ်းကွဲညီအစ်ကိုတွေဖြစ်တဲ့ Robert Diggs, Gary Grice နဲ့ Russell Jones တို့ဟာ All in Together Now Crew လို့လည်း ခေါ်တဲ့ Force of the Imperial Master ဆိုတဲ့ အဖွဲ့တစ်ခုစဖွဲ့ဖြစ်ကြပါတယ်


အဲ့ဒီအဖွဲ့မှာ Robert Diggs က Prince Rakeem ၊ Gary Grice က The Genius ၊ Russell Jones က The Specialist ဆိုတဲ့ နာမည်နဲ့ သီချင်းလုပ်ကြတာဖြစ်ပါတယ်ဗျ


All in Together Now Crew အနေနဲ့ ဘယ် Record label နဲ့မှ စာချုပ်မချုပ်ဖြစ်ပေမဲ့လည်း Rap အသိုင်းအဝိုင်းမှာ အာရုံစိုက်မူခံခဲ့ရတဲ့အပြင် rapper and producer တစ်ယောက်ဖြစ်တဲ့ Biz Markie ကလည်း သတိပြုမိခဲ့တယ်ဆိုပါတယ်


၁၉၉၁ ခုနှစ်မှာတော့ The Genius နဲ့ Prince Rakeem က မတူညီတဲ့ record label တွေနဲ့ စာချုပ်ချုပ်ဆိုဖြစ်ခဲ့ပြီး The Genius က Words From the Genius ဆိုတဲ့ အယ်ဘမ်ကို Cold Chillin' Record label ကနေထုတ်ခဲ့ပါတယ်


Prince Rakeem ကလည်း Tommy Boy Records ကနေ Ooh I Love you Rakeem ဆိုတဲ့ အယ်ဘမ်ကို ထုတ်နိုင်ခဲ့ပါတယ်

( အယ်ဘမ်နာမည်ကြီးကိုက တမျိုးကြီးဗျ )


ဒါပေမဲ့လည်း အဲ့ဒီ ၂ ခွေလုံးက အောင်မြင်လူသိများတဲ့ အခြေအနေကို မရောက်ခဲ့တာကြောင့် ကိုယ်စီ Record labels တွေကနေ နူတ်ထွက်ခဲ့ကြပြီး အရင်သုံးခဲ့ကြတဲ့ နာမည်အဟောင်းတွေကိုပါ ပြောင်းလဲ ဖြစ်ခဲ့ကြပါတော့တယ်


အဲ့လိုနဲ့ပဲ Prince Rakeem က RZA ( rizza ဟုအသံထွက်သည် ) , The Genius က GZA ( jizza ဟုအသံထွက်သည် ) , The Specialist ကလည်း Ol' Dirty Bastard ဆိုပြီး အခုလက်ရှိခေါ်နေကြတဲ့ နာမည်တွေ ဖြစ်လာတော့တာပါပဲဗျ



RZA ဟာ နောင်တချိန်မှာ Ghostface K!llah ဆိုပြီး ဖြစ်လာမဲ့ Dennis Coles ဆိုသူနဲ့ ပေါင်းပြီး အရှေ့တိုင်း ဖလော်ဆော်ဖီ အတွေးအခေါ် နဲ့ New York မြို့ လမ်းမပေါ်က လူမည်းအတွေးအခေါ်ကို ပေါင်းစပ်ဖန်တီးမဲ့ Hip Hop Duo အဖွဲ့ကို စဖွဲ့ဖို့ကြံစည်ခဲ့ကြပါတယ်


၁၉၉၂ ခုနှစ်နှောင်းပိုင်းမှာမှ RZA ကပဲ ဦးဆောင်ပြီး Wu-Tang Clan ဖြစ်လာမဲ့ လူ၉ယောက်ကို စုစည်းကာ rapper Ol' Dirty Bastard နဲ့ RZA ရဲ့ ဆုံးဖြတ်မူနဲ့ Shaolin and Wu Tang ရုပ်ရှင်ကို ကိုးကားထားတဲ့ Wu-Tang Clan ဆိုတဲ့ နာမည်ကိုသတ်မှတ်ခဲ့ကြပါတော့တယ်


Wu-Tang Clan မှာ အဖွဲ့ဝင်အနေနဲ့ RZA, GZA, Ol' Dirty Bastard, Method Man, Raekwon, Ghostface Killah, Inspectah Deck, U-God နဲ့ Masta K!lla. C ဆိုပြီး အဖွဲ့ဝင် ၉ ယောက်ပါဝင်ပါတယ်


အဖွဲ့ရဲ့ music producing ကို RZA က အဓိက တီးခတ်တာဖြစ်ပြီး ၁၉၉၃ ခုနှစ်မှာ ထွက်ခဲ့တဲ့ Wu-Tang Clan ရဲ့ ပထမဆုံး single release ကတော့ " Protect Ya Neck " ဖြစ်ပါတယ်ဗျ

( Wu-Tang Clan ဟာ East Coast Hip Hop နဲ့ hardcore Hip hop ဂီတပုံစံ ကို လူသိများအောင် ကြိုးပန်းခဲ့ကြသူတွေဖြစ်ပါတယ်ဗျ )


အဲ့ဒီသီချင်း တစ်ပုဒ်နဲ့တင် Underground ဂီတအသိုင်းအဝိုင်းကနေ အာရုံစိုက်ခံခဲ့ရပါတယ်

ဒါပေမဲ့လည်း အဖွဲ့ အနေနဲ့ Record label တစ်ခုနဲ့ စာချုပ်ချုပ်ဆိုဖြစ်ဖို့ ခက်ခဲနေခဲ့တုန်းပါပဲ

အဲ့လိုအချိန်ကတည်းက Wu-Tang Clan အဖွဲ့သားတွေဟာ ကိုယ်စီ solo album တွေထုတ်ဖို့ သီခြား Record label တွေနဲ့ စာချုပ်ချုပ်ဆိုခြင်းကို ခွင့်ပြုခဲ့ပါတယ်


🔴 Enter the Wu-Tang ( 36 Chambers )


နောက်မကြာခင်မှာပဲ Loud/RCA record က Wu-Tang Clan နဲ့ စာချုပ်ချုပ်ဆိုခဲ့ပြီး ၁၉၉၃ ခုနှစ် နိုဝင်ဘာလမှာ Enter The Wu-Tang ( 36 Chambers) ဆိုတဲ့ ပထမဆုံးသော အဖွဲ့လိုက် အယ်ဘမ် ထွက်လာခဲ့ပါတယ်

( Enter The Wu-Tang ရဲ့ နာမည်ကို 1973 ခုနှစ်မှာ ထွက်ထားတဲ့ Enter The Dragon ရုပ်ရှင်နဲ့ 1978 ခုနှစ်မှာ ထွက်ထားတဲ့ The 36th Chamber of Shaolin ရုပ်ရှင် ၂ကားရဲ့ နာမည်ကနေ ကိုးကားပြီး ပေးထားတဲ့ နာမည်လို့ ဆိုပါတယ်ဗျ )


Enter The Wu-Tang Clan album ဟာ ထွက်ပြီး ပထမ အပတ်မှာတင် အချပ်ရေ ၃ သောင်းကျော်ရောင်းချခဲ့ရပြီး Billboard 200 chart မှာလည်း နံပါတ် ၄၁ အထိရောက်ခဲ့ပါတယ်

၂၀၂၂ ခုနှစ် Rolling Stone magazine ရဲ့ 500 Greatest Albums of All Time မှာလည်း နံပါတ် ၂၇ နေရာအထိ ရောက်ခဲ့ပါတယ်ဗျ


အဲ့ဒီ အယ်ဘမ်ရဲ့ အောင်မြင်မူ ကြောင့်ပဲ Wu-Tang Clan ဟာ ၁၉၉၀ နှစ်များမှာ လွှမ်းမူအားကောင်းတဲ့ Hip hop အဖွဲ့တစ်ခုဖြစ်လာတော့တာပါပဲ


ကျနော် အပေါ်မှာပြောခဲ့သလိုပဲ Wu-Tang Clan member တွေဟာ ကိုယ်စီ solo album တွေ အတွက်လည်း သီခြား Record label နဲ့ စာချုပ် ချုပ်ဆိုခွင့် ရှိကြပါတယ် တကယ်တော့ အဲ့ဒါဟာ ပုံမှန် လုပ်ရိုးလုပ်စဥ် မဟုတ်ပါဘူးဗျ

အောင်မြင်မူ တစ်ခုရလာတဲ့အခါ အဖွဲ့ထဲမှာ ကွဲလွဲမူတွေရှိလာနိုင်တဲ့ အတွက်ကြောင့်ပဲ ဖြစ်ပါတယ်


အဲ့ဒီလို သာမာန်ကနေ ခွဲထွက်တဲ့ Wu-Tang Clan ရဲ့ စီးပွားရေးအကြောင်းကို RZA က


" ကျနော်တို့က နဂိုရှိနေတဲ့ Hip Hop ရဲ့ ပုံစံကို တမျိုးပြန်ဆန်းသစ်ကြသူတွေပါ ကျနော်ပြောတာသိလားဗျ

ကျနော်တို့ အဖွဲ့အနေနဲ့လည်း record label နဲ့ စာချုပ်ချုပ်ထားတယ်

အဲ့ဒီ စာချုပ်မှာပါတဲ့ စည်းမျဥ်း စည်းကမ်းနဲ့ အချက်အလက်တွေကလည်း တခြား လူတွေလိုပါပဲဗျ


ဒါ့အပြင် ကျနော်တို့ တစ်ယောက်ခြင်းစီကလည်း တခြား Record label တွေနဲ့ စာချုပ်ချုပ်နိုင်အောင် ညှိနိုင်းနိုင်ကြပါတယ်


ဥပမာ Method Man ဆိုရင် Def Jam record label နဲ့

Raekwon ဆိုရင် Loud record label မှာပဲ

Ghostface K!llah ဆိုရင် Sony Record label နဲ့

GZA ဆိုရင် Geffen Records မှာ စာချုပ်ကိုယ်စီချုပ်ထားကြတယ်

သိလားဗျ ? အဲ့ဒီ Record Label တွေအကုန်လုံးကလည်း Razor Sharp Records ကို Credits ပေးကြပါတယ်


Wu-Tang ဟာ စီးပွားရေးအရပါ လှုပ်ရှားမူရှိတဲ့ Hip Hop အဖွဲ့မျိုးပါ

ခင်ဗျားသာဆို မတူညီတဲ့ တခြားအလုပ် ၃ မျိုး ၄ မျိုး ကို တွဲလုပ်နေမှာလား ?

ဒါမှမဟုတ် ကိုယ် ကျွမ်းကျင်တဲ့ အလုပ်ကိုပဲ လုပ်ပြီး ငွေရှာမှာလား ? "

လို့ပြောဖူးပါတယ်ဗျ


🔴 အဖွဲ့ဝင်တို့ရဲ့ Solo Album များ


၁၉၉၄ ခုနှစ်မှာ RZA စတင်ဖွဲ့စည်းထားတဲ့ Gravediggaz အဖွဲ့ရဲ့ 6 Feet Deep အယ်ဘမ်ထွက်ခဲ့ပါတယ်

အဲ့ဒီ အယ်ဘမ်ဟာ horrorcore ဂီတပုံစံကွဲရဲ့ စတင်ဖြစ်တည်မူအဖြစ် လူသိများခဲ့တဲ့ အယ်ဘမ်ပါပဲဗျ


Wu-Tang အဖွဲ့ဝင်တွေရဲ့ ပထမဆုံး solo Album တိုင်းကို RZA ကပဲ အဓိက music producer အနေနဲ့ တီးခတ်ခဲ့တာပါ

၁၉၉၄ ခုနှစ် နိုဝင်ဘာလမှာ Method Man ရဲ့ Tical album ထွက်ခဲ့ပါတယ်

အဲ့ဒီ အယ်ဘမ်ထဲက All I Need ဆိုတဲ့ သီချင်းဟာ ၁၉၉၅ ခုနှစ် ဂရမ်မီ ဆုပေးပွဲမှာ Best Rap Performance by a Duo or Group ဆုရရှိခဲ့ပါတယ်


၁၉၉၅ ခုနှစ်မှာ ထွက်ခဲ့တဲ့ Ol' Dirty Bastard ရဲ့ Return to the 36 Chamber: The Dirty Version ကိုတော့ hip hop classic အယ်ဘမ်လို့ သတ်မှတ်ကြပါတယ်


၁၉၉၅ ခုနှစ် သြဂတ်လမှာ ထွက်ခဲ့တဲ့ Raekwon ရဲ့ Only Built 4 Cuban linx ဆိုတဲ့ အယ်ဘမ်ကတော့ mafioso rap subgenre ရဲ့ စတင်ဖြစ်လာတဲ့ အယ်ဘမ်ဆိုပြီး ပြောကြပါသေးတယ်


၁၉၉၅ ခုနှစ် နိုဝင်ဘာလမှာ ထွက်ခဲ့တဲ့ GZA ရဲ့ Liquid Swords ဆိုတဲ့ အယ်ဘမ်မှာတော့ Wu-Tang Clan ရဲ့ အဖွဲ့ဝင်အားလုံး guest အနေနဲ့ပါဝင်ခဲ့ပြီး


၁၉၉၆ ခုနှစ် အောက်တိုဘာလမှာထွက်ခဲ့တဲ့ Ghostface K!llah ရဲ့ Ironman ဆိုတဲ့ အယ်ဘမ်ကတော့ Wu-Tang အဖွဲ့ဝင် solo Album တွေထဲမှာ အကောင်းဆုံး အယ်ဘမ်ဖြစ်တယ်လို့ သတ်မှတ်ခဲ့ကြပါတယ်


🔴 Wu-Tang Forever


Wu-Tang clan အဖွဲ့ ရဲ့ ဒုတိယ စတူဒီယို အယ်ဘမ်ဖြစ်တဲ့ Wu-Tang Forever ဆိုတဲ့ အယ်ဘမ်ကိုတော့ ၁၉၉၇ ခုနှစ်မှာ ထုတ်ခဲ့တာဖြစ်ပါတယ်


အဲ့ဒီ အယ်ဘမ်မှာ music producing ပိုင်းကို အဓိကအားဖြင့် RZA , True Master နဲ့ 4th Disciple တို့က တီးခတ်ခဲ့ကြတာဖြစ်ပြီး Billboard 200 chart မှာ နံပါတ် တစ် နေရာကို ရရှိခဲ့တဲ့ အထိ အောင်မြင်ခဲ့တယ် ဆိုရပါမယ်


၁၉၉၈ ခုနှစ် Grammy Awards မှာ Best Rap Album ဆုအတွက် ဇကာတင်ရွေးခြယ်ခံရတဲ့ အယ်ဘမ်ဖြစ်ခဲ့ပြီး Puff Daddy ရဲ့ No Way Out Album ကသာ ဆုရရှိခဲ့တယ် ဆိုပါတယ်


အဲ့လို ဆုမရရှိခဲ့တာကလည်း အဲ့ဒီပွဲတုန်းက Shwawn Colvin က Song of the Year အတွက် ကျေးဇူးတင်စကားဆိုနေစဥ်မှာ Ol' Dirty Bastard က ဝင်ရောက် နှောင့်ယှက်မူကြောင့် ဆုနဲ့ လွဲချော်ခဲ့တယ် ဆိုပါတယ်ဗျ

( ပြောရရင်တော့ Judge တွေရဲ့ အမြင်ကတ် ပုဒ်မ နဲ့ ဆုမရတာဆိုတဲ့ သဘောပေါ့ဗျာ )


အဲ့ဒီနှစ်အတွင်းမှာပဲ Wu-Tang K!lla Bees: The Swarm ဆိုတဲ့ ပူးတွဲ အယ်ဘမ် ထွက်ခဲ့ပါသေးတယ်

အဲ့ဒီ အယ်ဘမ်ကတော့ Wu-Tang Clan member တွေရဲ့ solo track တွေတင်မကပဲ Wu-Tang clan နဲ့ ဆက်စပ်တဲ့ သူတွေပါ ပါဝင်ထားတဲ့ အယ်ဘမ်ပဲဖြစ်ပါတယ်


Wu-Tang Clan အဖွဲ့သားတွေရဲ့ ဒုတိယကြိမ်မြောက် solo album တွေကလည်း များမကြာမှီမှာထွက်လာခဲ့ပါတယ်

ဒီတခါမှာတော့ ပထမ အကြိမ်တုန်းက Solo Album ထွက်ခဲ့တဲ့ အဖွဲ့ဝင် ၅ ယောက်တင် မကပဲ ကျန်ရှိနေတဲ့ အဖွဲ့သားတွေကပါ ကိုယ်စီ Solo album တွေ အနေနဲ့ ထွက်ခဲ့ပါတယ်


အဲ့ဒီအယ်ဘမ် အများစုက ၁၉၉၉ ခုနှစ် နဲ့ ၂၀၀၀ ခုနှစ် ဇန်နဝါရီ လ အတွင်းမှာ ထွက်ခဲ့တာဖြစ်ပြီး အယ်ဘမ်နာမည်တွေကတော့


RZA ရဲ့ Bobby Digital In Stereo

Method Man ရဲ့ Tical 2000: Judgement Day and Blackout! (with Redman)

GZA ရဲ့ Beneath the Surface

Ol' Dirty Bastard ရဲ့ Nigga Please

U-God ရဲ့ Golden Arms Redemption

Raekwon ရဲ့ Immobilarity

Ghostface K!llah ရဲ့ Supreme Clientele နဲ့

Inspectah Deck ရဲ့ Uncontrolled Substance အယ်ဘမ်တို့ပဲ ဖြစ်ပါတယ်ဗျ


အဲ့ဒီ ၁၉၉၇ ခုနှစ်ကနေ ၂၀၀၀ ခုနှစ်အထိ Wu-Tang ကနေ ထုတ်ခဲ့တဲ့ အယ်ဘမ်တွေဟာ လူသိများမူကို ငြင်းဆန်ခြင်း popular ဖြစ်မူကို အဓိကမထားပဲ ဖန်တီးချင်ရာဖန်တီး ထားတာတွေဆိုပြီး ဝေဖန်မူခံခဲ့ရပါတယ်


🔴 The W and Iron Flag


Wu-Tang Clan အနေနဲ့ တတိယ စတူဒီယို အယ်ဘမ်ဖြစ်တဲ့ The W ဆိုတဲ့ အယ်ဘမ်ကို ၂၀၀၀ခုနှစ် နိုဝင်ဘာလမှာ ထွက်လာခဲ့ပါတယ်


အဲ့ဒီအယ်ဘမ်မှာ ပါဝင်တဲ့ Conditoner ဆိုတဲ့ သီချင်းမှာ featuring အနေနဲ့ Snoog Dogg ပါဝင်ပြီး Ol' Dirty Bastard ရဲ့ Vocal ဆိုသံကိုတော့ အကျဥ်းထောင် ထဲက ဖုန်းကနေ တဆင့် အသံသွင်းယူခဲ့တယ် ဆိုပါတယ်


( Ol' Dirty Bastard အကြောင်း နည်းနည်းပါးပါး ခေါက်ကြည့်သလောက် ဆြာသမားက ထောင်ကို အိမ်ဦး နဲ့ ကြမ်းပြင် သွားလာနေသူဖြစ်ပြီး အမူပေါင်း သောင်းခြောက်ထောင်နဲ့ ဆြာသမားပါ

Wu-Tang Clan တဖွဲ့လုံးမှာလည်းပဲ Wild အဖြစ်ဆုံး MC ဖြစ်ပါတယ်


အိတ်ထဲ ဒေါ်လာ ၅ရာရှိရဲ့သားနဲ့ ဒေါ်လာ ၅၀ တန် ဖိနပ်ခိုးမူနဲ့ အဖမ်းခံရတာတို့ ရည်စားအိမ်မှာနေတုန်း မိန်းမက သနတ်နဲ့ လာပစ်ခံရတာတို့ လိုင်စင်မပါပဲ ကားမောင်းမူ မူးယစ်ဆေးဝါးလက်ဝယ်ထားရှိမူ

တရားမဝင်ပဲ ကျည်ကာ အင်္ကျီ ဝတ်ဆင်မူ


နောက်ဆုံး ဘယ်လောက်ထိတောင်လည်း ဆိုရင် ဒီ The W album မထွက်ခင် ၂၀၀၀ ခုနှစ် အောက်တိုဘာလမှာ မူးယစ်ဆေးဖြတ်တဲ့ ပြန်လည်ထူထောင်ရေးစခန်းကနေ ထွက်ပြေးလာပြီး RZA ရဲ့ စတူဒီိယိုမှာ သီချင်းလာလုပ်ပါတယ်


အဲ့ဒီနောက်တော့ The W album release party လုပ်တဲ့ New York မြို့ Hammerstein Ballroom မှာစင်ပေါ်တက် သီချင်းဆိုခဲ့ပါသေးတယ်


နောက်တော့ McDonald ဆိုင် အပြင်ဖက်မှာ ပရိသတ်တွေကို အမှတ်တရ လက်မှတ်ရေးပေးနေတုန်းမှာ ပြန်အဖမ်းခံရပါတော့တယ်


တချို့က ဆေးသုံးတာများလို့ စိတ်ကျန်းမာရေးထိခိုက်နေတာလို့ ဆိုကြသလို ၂၀၀၃ ခုနှစ်မှာတော့ စိတ် ၂ ခွရောဂါဖြစ်တဲ့ Bipolar Disorder ရှိနေတယ်လို့ လည်း ဆိုကြပါတယ်_နောက်ပိုင်း ODB ရဲ့ မိခင် ဖြစ်သူကို အင်တာဗျူးတဲ့ အခါမှာတော့ အစိုးရက ODB ရဲ့ စိတ်ဓါတ်ကော ခန္ဒာကိုယ်ကိုပါ ထောင်ကျနေတုန်းမှာ ဖျက်ဆီးပစ်ခဲ့တယ်လို့ ဆိုပါတယ်


၂၀၀၄ ခုနှစ်မှာ Ol' Dirty Bastard ဟာ ထောင်ကထွက်လာခဲ့ပြီး Roc-a-Fella Records နဲ့ ဒေါ်လာတသန်းတန် စာချုပ်ချုပ်ဆိုခဲ့ကြပါသေးတယ်


၂၀၀၄ ခုနှစ် နိုဝင်ဘာလ ၁၃ ရက်နေ့ ညနေ ၄နာရီ ၃၅မိနစ် ခန့်မှာ Ol' Dirty Bastard ဟာ RZA စတူဒီယိုမှာ လဲကျသေဆုံးသွားတယ် ဆိုပါတယ်


အဲ့နေ့ဟာ Ol' Dirty Bastard ရဲ့ မွေးနေ့မတိုင်ခင် ၂ ရက် အလိုမှာပါဗျ

ကိုကိန်းနဲ့ အကိုက်အခဲပျောက်ဆေး Tramadol ကို ရောစပ်ရင်း မူးယစ်ဆေး overdose ဖြစ်သွားတယ်လို့ဆိုပါတယ်ဗျ )


Wu-Tang Clan အဖွဲ့အကြောင်းကိုပဲ ပြန်ဆက်ရရင် ၂၀၀၁ ခုနှစ်မှာ လေးခွေမြောက် စတူဒီိယို အယ်ဘမ်ဖြစ်တဲ့ Iron Flag ဆိုတဲ့ အယ်ဘမ်ထွက်လာခဲ့ပါတယ်


အဲ့ဒီအယ်ဘမ်ဟာ အဖွဲ့လိုက်အနေနဲ့ ထုတ်ခဲ့သမျှထဲမှာ ဒုတိယ အရောင်းရ အနည်းဆုံး အယ်ဘမ်လို့ ဆိုပေမဲ့လည်း အယ်ဘမ်ထွက်ပြီး ပထမ တပတ်တည်းမှာတင်ကို အချပ်ရေ ၁သိန်း၅သောင်းကျော်ရောင်းချခဲ့ရပြီး Billboard 200 chart မှာလည်း နံပါတ် ၃၂ နေရာကို ရခဲ့တဲ့ အယ်ဘမမ်ဖြစ်ပါတယ်


၂၀၀၂ ခုနှစ် ဇန်နဝါရီလမှာ တော့ အချပ်ရေ ၅သိန်းကျော်ရောင်းချခဲ့ရတယ် ဆိုပါတယ် အဲ့ဒီ အယ်ဘမ်မှာတော့ Ol' Dirty Bastard လုံးဝ ပါဝင်ခြင်းမရှိခဲ့ပါဘူးဗျ ထောင်ထဲ ရောက်နေလို့ပါ


၂၀၀၄ ခုနှစ်မှာ U-God ဟာ အဖွဲ့ ထဲက နုတ်ထွက်သွားခဲ့ပါတယ်


နောက်တော့ Hillside Scramblers ဆိုတဲ့ အဖွဲ့ကို ဖွဲ့စည်းခဲ့ပြီး U-Godzilla Presents the Hillside Scramblers ဆိုတဲ့ အယ်ဘမ်ကိုထုတ်ခဲ့ပါသေးတယ်


နောက်မကြာခင်မှာတော့ RZA နဲ့ U-God တို့ဟာ Live Radio တစ်ခုမှာ ဖုန်းနဲ့ အချင်းချင်း ပြောဆိုကြရင်း အရင်ကရှိခဲ့တဲ့ အဖုအထစ်တွေပြန်လည် ပြေလည်သွားကာ U-God ဟာ Wu-Tang Clan ကို ပြန်ရောက်လာခဲ့ပါတယ်ဗျ


၂၀၀၄ ခုနှစ် နောင်းပိုင်းအချိန်ကတော့ အပေါ်က ပြောခဲ့တဲ့ Ol' Dirty Bast*rd ကွယ်လွန်တဲ့ ကိစ္စတွေဖြစ်ခဲ့ပါတယ်


🔴 8 Diagrams & A Better Tomorrow


၂၀၀၅ ခုနှစ်မှာတော့ RZA ရေးတဲ့ The Wu-Tang Manual ဆိုတဲ့ စာအုပ်ထုတ်ခဲ့ပါတယ်


အဲ့ဒီနောက်ပိုင်း ၂၀၀၇ ခုနှစ်မရောက်ခင်ထိ ကြားထဲမှာတော့ အဖွဲ့သားတွေရဲ့ Solo Album တွေသာ ထွက်ရှိခဲ့ပြီး ၂၀၀၇ ခုနှစ်ကျမှသာ Wu-Tang Clan ရဲ့ ၅ ခွေမြောက်ဖြစ်တဲ့ 8 Diagrams ဆိုတဲ့ အယ်ဘမ်ကို SRC Records ကနေ ထုတ်ခဲ့ပါတယ်ဗျ


အဲ့ဒီ အယ်ဘမ်ဟာ RZA ရဲ့ အဆန်းထွင်တဲ့ စတိုင်များစွာ Experiemmtal style တွေများစွာပါဝင်ခဲ့ပြီး Raekwon နဲ့ Ghstface K!llah ကလည်း သိပ်သဘော မတွေ့ခဲ့ဘူး ဆိုပါတယ်


အဓိကက တော့ အခွေနာမည်ကို Shaolin Vs. Wu-Tang လို့ ပေးချင်ခဲ့ကြပြီး RZA ရဲ့ တီးခတ်မူတွေကို မထည့်ချင်ခဲ့ဘူးလို့ ဆိုကြပါတယ်


( နောက်ပိုင်းတော့ Raekwon ရဲ့ ၅ ခွေမြောက် Solo Album ကျမှပဲ နာမည်ကို Shaolin Vs. Wu-Tang ဆိုပြီး ပေးဖြစ်ခဲ့ပါတော့တယ် )


❗ 8 Diagrams အယ်ဘမ်ထွက်အပြီး မှာ Cappadonna ကို Wu-Tang Clan ရဲ့ တရားဝင် အဖွဲ့သား အဖြစ် သတ်မှတ်ခဲ့ပါတယ်


Cappadonna ဟာ Only Built 4 Cuban Linx အခွေရဲ့ Ice Cream ဆိုတဲ့ သီချင်းကနေပြီးတော့ Ghostface K!llah ရဲ့ Ironman


Wu-Tang Forever, The W နဲ့ 8 Diagrams အယ်ဘမ်တွေမှာ featuring အနေနဲ့ ပါဝင်ခဲ့တဲ့ Rapper တစ်ယောက်ပဲဖြစ်ပါတယ်ဗျ


Cappadonna ပါ အပါအဝင်ဆိုရင် Wu-Tang Clan အဖွဲ့သားဟာ ၁၀ ယောက်ဖြစ်သွားပါတယ်ဗျ ❗


Wu-Tang Clan အနေနဲ့ ၆ ခွေမြောက် အယ်ဘမ်ကိုတော့ ၂၀၁၁ ခုနှစ်မှာ စတင် လုပ်ကိုင်နေပြီလို့ RZA က announce လုပ်ခဲ့ပြီး Ghostface K!llah က ၆ ခွေမြောက် အယ်ဘမ််ဟာ ၂၀၁၂ ခုနှစ်မှာ ထွက်မယ်ထင်တယ်လို့ ဆိုခဲ့ပါတယ်


၂၀၁၃ ခုနှစ် မတ်လမှာ Method Man က ၆ ခွေမြောက် အယ်ဘမ်ကို ဆက်လက်လုပ်ကိုင်နေပြီဖြစ်ကြောင်း ၂၀၁၃ခုနှစ် ရဲ့ 36 Chambers ထွက်ပြီး နှစ် ၂၀ ပြည့် အနေနဲ့ ထွက်လာမယ်ဆိုပြီး announce လုပ်ပြန်ပါတယ်


အဲ့ဒီကြားထဲမှာ ဘယ်သူက အယ်ဘမ်အတွက် အလုပ်မလုပ်ပြန်ဘူး

ဘယ်သူက ဘယ်နှပုဒ် လုပ်ဖို့ ကျန်နေတာ ဘာညာ နဲ့ နောက်ဆုံး ၂၀၁၄ ခုနှစ် ဒီဇင်ဘာလ ၂ ရက်နေ့မှသာ တရားဝင် ထွက်လာခဲ့ပါတယ်


အယ်ဘမ်နာမည်က A Better Tomorrow လို့ ပေးထားပါတယ်ဗျ


🔴 Once Upon A Time in Shaolin


Wu-Tang Clan ရဲ့ ၇ ခွေမြောက် ဖြစ်တဲ့ Once Upon A Time in Shaolin ကိုတော့ ၂၀၁၅ ခုနှစ်မှာ ထွက်လာပါတယ်


အဲ့ဒီအယ်ဘမ်ဟာ တခြားအယ်ဘမ်တွေလို အချပ်ရေအများကြီး ထုတ်တာ မဟုတ်ပဲ အယ်ဘမ် ကော်ပီ တစ်ခွေပဲ ထုတ်ပြီး ရောင်းချတာဖြစ်ပါတယ်


နောက်ပြီး အရင် Wu-Tang Clan album တွေလို RZA က အဓိက တီးခတ်တာ မဟုတ်ပဲ Cilvaringz က တီးခတ်ထားတယ်ဆိုပါတယ်


အဲ့ဒီအယ်ဘမ်ဟာ Double album ဖြစ်တာကြောင့် အပုဒ်ရေ ၃၁ ပုဒ် ပါဝင်ပြီး ထုတ်ထားတဲ့ မူရင်း ကော်ပီ ခွေကို မရောင်းချခင်မှာ ပြတိုက်တွေ အနုပညာခန်းမ တွေ ဂီတပွဲတွေမှာ အရင် လှည့်လည်ပြသပြီးမှ တစ်ဦးတစ်ယောက်တည်းကို တန်ကြေးမြင့်မြင့်နဲ့ ရောင်းမယ်လို့ ဆိုခဲ့ပါတယ်


အယ်ဘမ်ကို ငွေနဲ့ နီကယ် သတ္တုရောစပ်ထားတဲ့ သေတ္တာ ထဲထည့်သွင်းထားတာ ဖြစ်ပြီး အဲ့ဒီ သေတ္တာကို British Moroccan အနုပညာရှင် Yahya က Handcraft နဲ့ ပြုလုပ်ထားတာလို့ ဆိုပါတယ်ဗျ


အဲ့ဒီ အယ်ဘမ်ပုံစံကို Skrillex ရဲ့ Fuck That ဆိုတဲ့ သီချင်း ဗီဒယို ထဲမှာ ထည့်သွင်းရိုက်ကူးခဲ့ပေမဲ့ Skrillex က ဝယ်ယူခဲ့တာ မဟုတ်ပါဘူးတဲ့ဗျ


နောက်တော့ Online လေလံ website တစ်ခုဖြစ်တဲ့ Paddle8 ဆိုတဲ့ website ကနေ Martin Shkreli က အမေရိကန် ဒေါ်လာ ၂ သန်းနဲ့ ဝယ်ယူသွားခဲ့ပါတယ်


၂၀၁၅ ခုနှစ် ဒီီဇင်ဘာ၁၇ ရက်နေ့မှာ အက်ဘီအိုင် က Martin Shkreli ကို ဖမ်းဆီး ထိန်းသိမ်းချိန်မှာတော့ အယ်ဘမ်ကို သိမ်းယူသွားခြင်းမရှိခဲ့ပဲ

၂၀၁၆ ခုနှစ်မှာ online streaming platforms တွေဖြစ်တဲ့ Periscope နဲ့ Hitbox.tv တို့မှာ Martin Shkreli က အယ်ဘမ်ထဲက တချို့သီချင်းတွေကို ထုတ်ပြခဲ့သေးတယ်ဆိုပါတယ်ဗျ


၂၀၂၁ ခုနှစ် ဂျူလိုင်လမှာတော့ Shkreli ဟာ US goverment ကို တန်ဖိုးဖော်ပြခြင်းမရှိပဲ အယ်ဘမ်ကို ရောင်းချခဲ့တယ်ဆိုပါတယ်

ဖြစ်ပုံကတော့ ၂၀၁၈ ခုနှစ်ကတည်းက Shkreli ရဲ့ ငွေကြေးအရှုပ်အရှင်း တရားခွင်အရ အက်ဘီအိုင် ကို album လိုက်လက်လွဲပေးခဲ့ရတာပါတဲ့ဗျ


Knowledge Sharing By W3YA


Telegram Channel ( https://t.me/mgw3ya )


 
 
 

Comments

Rated 0 out of 5 stars.
No ratings yet

Add a rating

W3YA

©2023 by m9w3ya. Proudly created with Wix.com

Donate Now

Help us make a difference

bottom of page