top of page

Hollywood Walk of Fame မှာ ကြယ်တစ်ပွင့် ရရှိတော့မယ့် 2Pac

  • m9w3ya
  • Jun 3, 2023
  • 1 min read

အခု လာမဲ့ ဂျွန်လ ၇ ရက်နေ့မှာ 2Pac ဟာ Hollywood Walk of Fame ဆိုတဲ့ အအောင်မြင်ဆုံး အနုပညာရှင် ဖျော်ဖြေရေးသမားများကိုသာ ကြယ်ပွင့်အနေနဲ့ ထားရှိထားတဲ့ လျှောက်လမ်းမှာ၊ 2Pac ဟာလည်း နေရာ တစ်ခု ရရှိတော့မှာဖြစ်ပါတယ်။


2Pac ရဲ့ ကြယ်ပွင့်ဟာ အဲ့ဒီ လျှောက်လမ်းမှာ ၂၇၅၈ ခုမြောက်သောကြယ်ပွင့်ဖြစ်ပါတယ်ဗျ။


အဲ့ဒီလို ကြယ်ပွင့်အနေနဲ့ ထားရှိခြင်း အခမ်းအနားမှာ 2Pac ရဲ့ ညီမ ဖြစ်သူက 2Pac ရဲ့ ကိုယ်စားအနေနဲ့ လက်ခံရယူပေးမယ်လို့ ဆိုပါတယ်။


LA က ရေဒီယို ကြေညာသူ Big Boy က အဲ့ဒီ အခမ်းအနားမှာ ဦးဆောင်သူအဖြစ်တာဝန်ယူမှာဖြစ်ပြီး၊ ဒါရိုက်တာ Allen Hughes နဲ့ စာရေးဆရာ Jamal Joseph တို့က ဧည့်သည် ဟောပြောသူအနေနဲ့ ပါဝင်သွားမယ် ဆိုပါတယ်။


2Pac ရဲ့ ပထမဆုံးသော စတူဒီယို အယ်ဘမ်ကို ၁၉၉၁ ခုနှစ် မှာထုတ်ခဲ့တာဖြစ်ပြီး၊ California Love, All Eyez on Me, Changes and I Ain't Mad at Cha စတဲ့သီချင်းတွေနဲ့ Billboard chart တွေမှာ အောင်မြင်မူ တရှိန်ထိုး ရရှိခဲ့သူလည်းဖြစ်ပါတယ်။


၁၉၉၆ ခုနှစ် စက်တင်ဘာလ ၁၃ ရက်နေ့မှာ ပစ်ခတ်လုပ်ကြံခံခဲ့ရတာဖြစ်ပြီး အခုဆိုရင် 2Pac ကွယ်လွန်ခဲ့တာ ၂၆ နှစ် ကြာရှိခဲ့ပြီပဲဖြစ်ပါတယ်။


၂၀၀၄ ခုနှစ်မှာ ထုတ်ခဲ့တဲ့ Ghetto Gospel ဆိုတဲ့ သီချင်းဟာ Elton John ရဲ့ Indian Sunset ဆိုတဲ့ သီချင်းကနေ sampling လုပ်ထားတာဖြစ်ပြီး UK singles Chart မှာ နံပါတ်တစ် ရတဲ့ အထိ အောင်မြင်မူ ရရှိခဲ့ပါသေးတယ်။


2Pac ဟာ Rock and Roll hall of Fame မှာလည်း ၂၀၁၇ ခုနှစ်အတွက် induction အဖြစ် အရွေးခြယ်ခံခဲ့ရတာလည်း ဖြစ်ပြန်ပါတယ်ဗျ။


ref: BBC news : Tupac Shakur: Rapper 2Pac to get star on Hollywood Walk of Fame


Knowledge Sharing by W3YA


 
 
 

Comentários

Avaliado com 0 de 5 estrelas.
Ainda sem avaliações

Adicione uma avaliação

W3YA

©2023 by m9w3ya. Proudly created with Wix.com

Donate Now

Help us make a difference

bottom of page