top of page

Eminem producing လုပ်ခဲ့တဲ့ Beat ပေါ်မှာ Jack Harlow ကို Diss Rap လုပ်ခဲ့တဲ့ MGK

  • m9w3ya
  • May 11, 2023
  • 1 min read

ပြီးခဲ့တဲ့ မေလ ၇ ရက်နေ့က ထုတ်ခဲ့တဲ့ MGK ရဲ့ Renegade Freestyle Video ဟာ YouTube မှာ ဝေဖန်တွေ မြင့်တက်ခဲ့ပါတယ်။


MGK ဟာ Rap ဂီတလောက ကိုပြန်ရောက်ပြီ ဆိုပြီးလည်း ပြောနေကြသလို အဲ့ဒီ Freestyle Rap မှာ Jack Harlow ကို Diss တဲ့အကြောင်းကိုလည်း လူစိတ်ဝင်စား ခံနေရပြန်ပါတယ်။


အဲ့ဒီမှာ လူတွေသိပ်သတိမထားမိတာက Renegade Beat Instrumental ဟာ MGK နဲ့ Beef ဖြစ်ခဲ့ဖူးတဲ့ Eminem Producing လုပ်ထားတဲ့ Beat ဖြစ်နေတာပါပဲဗျ။


Renegade ရဲ့ မူရင်းက Eminem နဲ့ Royce da 5' 9" တို့ သူတို့ရဲ့ Bad Meet Evil series ထဲထည့်ဖို့လုပ်ထားတဲ့ သီချင်းဖြစ်ပြီး နောက်ပိုင်းမှာတော့ Jay Z ရဲ့ 2001 ခုနှစ်မှာထုတ်ခဲ့တဲ့ The Blueprint album မှာ Royce da 5' 9" နေရာမှာ Jay Z ပါဝင်ပြီး တရားဝင်ထွက်ရှိခဲ့တာပဲဖြစ်ပါတယ်။


မူရင်း Renegade မှာ Jay Z နဲ့ Eminem ရဲ့ Rap verse တွေရဲ့ ရေးထားတဲ့ အကြောင်းအရာဟာ မတူညီပဲ အဓိက ဆိုလိုရင်းကတော့ "never been afraid to talk about anything"


" အမှန်ကိုပြောဖို့ ဘယ်တော့မှ မကြောက်နဲ့ " ဆိုတဲ့ ရည်ရွယ်ချက်နဲ့ပဲ ရေးခဲ့တဲ့ စာသားတွေပဲ ဖြစ်ပါတယ်။

ဒါကြောင့်ပဲ MGK က တမင် Renegade beat instrumental ကို သုံးခဲ့တာလား?


တချို့ပြောကြတာက " MGK ဟာ Eminem producing လုပ်ထားတဲ့ Beat ပေါ် Eminem ထပ်သာတဲ့ စာသားတွေသူလည်း ရွတ်ပြနိုင်ကြောင်း၊ သူ့ရဲ့ ပြိုင်ဖက်တွေနဲ့ မုန်းနေတဲ့သူတွေကို စာသားအရကော Music အရပါ အပြတ်အသတ် အနိုင်ယူဖို့ Renegade beat ပေါ် freestyle လုပ်ခဲ့တာလို့ " ဆိုပြန်ပါတယ်။


တနည်းအားဖြင့် ပြောရရင် MGK ဟာ Eminem ကြောင့်ပဲ Rap ဂီတကနေ စွန့်ခွာခဲ့ပြီး Eminem ကို ခုတုံးလုပ်ပြီး Rap ဂီတ အသိုင်းအဝိုင်းကို ပြန်ဝင်လာဖို့ ဖြစ်နေပြန်ပါတယ်။


MGK ရဲ့အကွက်လေးတွေက တော်တော်လှတယ်လို့ ပြောရမှာပါပဲ။


( Eminem ထပ်ကောင်းတဲ့စာသားတွေ ဆိုပြခဲ့တယ် ပြောရအောင်ကလည်း MGK ဟာ Jay Z flow ကြီးနဲ့ ဆိုခဲ့တာ ဖြစ်တဲ့အတွက် ချီးကျူးစရာ စကားလုံးမဲ့လှပါတယ်။ _ စာကြွင်း )


Knowledge sharing by W3YA

 
 
 

Commentaires

Noté 0 étoile sur 5.
Pas encore de note

Ajouter une note

W3YA

©2023 by m9w3ya. Proudly created with Wix.com

Donate Now

Help us make a difference

bottom of page