top of page

HipHop Beat producer တစ်ယောက်ရဲ့ ဆင့်ကဲ ပြောင်းလဲလိုချင်မူမျာ

  • m9w3ya
  • Jun 24, 2023
  • 2 min read

HipHop Beat producer တစ်ယောက်ရဲ့ ဆင့်ကဲ ပြောင်းလဲလိုချင်မူများ

Level 1

အများစုသော Beat producer တွေဟာ ကွန်ပြူတာတလုံး ဖုန်းတလုံးနဲ့ FL studio ဆိုတဲ့ DAW ကနေ စတင်လေ့ရှိကြပါတယ်။

စစချင်းမှာတော့ ဒူချပ် ဒူဒူချပ် တို့ Beat, Bar, Tempo, Key, Sclae စသည်ဖြင့် လေ့လာစူးစမ်းကြတာပါပဲ။

Beat producer တစ်ယောက်ရဲ့ အပျော်ရဆုံး အချိန်ကာလကလည်း အဲ့ဒီအချိန် ကာလလို့ပြောလို့ ရပါတယ်။ ဘာလို့လဲ ဆိုတော့ အဲ့ဒီအချိန်မှာ တီးခတ်သမျှ တီးလုံးတိုင်းကို အရမ်းမိုက်တယ်လို့ ထင်တတ်ကြပြီး လိုချင်မူ ဆိုလို့ ကွန်ပြူတာ ကောင်းတလုံးလောက် ရှိရင် ပြည့်စုံပြီ လို့ ထင်ကြတဲ့ Level မို့ပါ။

Level 2

FL studio ကို နည်းနည်း တီးမိခေါက်မိ ဖြစ်လာတဲ့အခါ Software အနေနဲ့ ဘာတွေလိုတယ်။ ဘာတွေ ရှိရင် ဘယ်လို ကောင်းလာမှာ ဆိုတာတွေ စသိလာပါတော့တယ်။

ဘယ် virtual instrument သုံးမှ ဘယ် producer ရဲ့ စတိုင်မျိုး တီးလို့ ရမှာဆိုတာတွေ၊ ဘယ် sample pack မှာ ဘယ် producer ရဲ့ Kits တွေပါတယ် ဆိုတာတွေ သိလာတဲ့အခါ၊

ရသမျှ လိုက်ရှာ download ဆွဲကြ၊ တရားဝင်ဝယ်နိုင်သူတွေကလည်း ပိုက်ဆံ သောက်သောက်လဲ စကုန်တဲ့ အချိန်ပေါ့ဗျာ။ ( pirate တွေပဲ သုံးနိုင်ရင်တော့ အကုန်အကျ အများကြီး သက်သာပါသေးတယ်။ )

Level 3

Beat Producer ဝါရင့်လာလေ ပိုက်ဆံကုန်ပေါက်များလာလေပါပဲ။ ဘာလို့လည်း ဆိုတော့ သိတာတွေများလာလေ လိုချင်မူတွေလည်း များလာတဲ့ အတွက်ပါပဲဗျ။

DAW တစ်ခုကို နှံ့နှံ့ စပ်စပ် သိလာတဲ့ နောက်ပိုင်းမှာ DAW တစ်ခုကို ကောင်းကောင်း ထိန်းချုပ်နိုင်မဲ့ Midi controller တွေ Mixing and Mastering မှာ reference ကောင်းကောင်း ပေးနိုင်မဲ့ Monitor Speaker တွေ In/out များတဲ့ audio interface တွေ

လိုချင်လာပြီ ဆိုရင်တော့ သေချာပါတယ် ခင်ဗျား Level 3 ကို ရောက်နေပါပြီ။

( လိုချင်လာပြီ ဆိုတာကို ထမင်းငတ်ချင်ငတ် ဒါတွေပဲ ရအောင် ဝယ်မယ်ဆိုတဲ့ စိတ်ကို ပြောချင်တာမျိုးပါ။ )

Level 4

Computer music producer တစ်ယောက်ရဲ့ လိုအပ်တဲ့ ပစ်စည်းတွေလည်း စုံပြီဆိုကော ထပ်လိုချင်လာတာကတော့ နေရာတစ်ခုပါပဲ။

စစချင်းကတော့ ရိုးရိုး အသံလုံတဲ့ အခန်းတစ်ခန်း ဆိုတာမျိုးက စတတ်ကြပါတယ်။

ဒါပေမဲ့လည်း မိတ်ဆွေ .... တကယ်တန်း လေ့လာကြည့်တဲ့ အချိန်မှာ သင် တဖြည်းဖြည်း သိလာမှာက အသံလုံတဲ့ အခန်းတစ်ခန်းတခုအတွက် လေဝင်လေထွက် ရှိဖို့လိုတာတွေ၊

Mixing and Mastering လုပ်ချင်တဲ့အခါ Monitor speaker ရဲ့ အသံအမှန်ကို ရဖို့အတွက် Acoustic treatment လုပ်ဖို့လိုတာတွေ လိုချင်လာပါလိမ့်မယ်။

Beat producer တယောက်အတွက် အခန်းတခန်း နေရာ တခု ဆိုတာ ထင်တာထပ် ပိုမို ကြီးမားတဲ့ အသုံးစရိတ်ဖြစ်လာပါလိမ့်မယ်။

Level 5

သာမာန်လူတစ်ယောက် အမြင်ကနေကြည့်ရင် ဒီဘဲ ပစ်စည်းတွေစုံနေပြီလို့ ထင်တဲ့ အချိန်မှာ သင်သာ ကျေနပ်နိုင်ခဲ့ရင်တော့ အလွန် ချမ်းမြေ့တဲ့ ဘဝပါပဲ။

အဲ့သလိုသာ မဟုတ်ပဲ FL studio လို computer base DAW ကနေ Hardware နဲ့ပဲ တီးမယ်ဆိုတဲ့ အတွေး တခုသာ ဝင်မိလိုက်လို့ ကတော့ ငွေကုန်ကြေးကျ ထပ်များလာလိမ့်ပါမယ်။

တချို့တွေက Guitar, Piano, Violin စတဲ့ Acoustic instrument တွေနဲ့ ပေါင်းပြီး Beat ကို ဖန်တီး ဖို့ ကြိုးစားကြပါတယ်။

တချို့က Hardware Samplerတွေ၊ Workstation hardware တွေနဲ့ ပဲ computer မပါပဲ သီချင်း တစ်ပုဒ် လုပ်ဖို့ ကြိုးစားကြပါတော့တယ်။ အဲ့ဒီမှာ FL studio လို DAW မှာ Built in ပါတဲ့ VST တိုင်းလိုကို အပြင်က Hardware အနေနဲ့ ဝယ်ပြီး သုံးချင်တဲ့အခါ ဘယ်လောက် ကုန်ကျစရိတ်များမယ်ဆိုတာ တွေးကြည့်ရုံနဲ့တင် သိသာပါတယ်ဗျ။

Level 6

အပေါ်က Level တွေမှာ တခုပြီး တခု လိုချင်တာတွေ ဝယ်ယူစုဆောင်းပြီးတဲ့အခါ Beat producer ဟာ ဘာနဲ့ တီးရမှန်း မသိတော့တဲ့ Level ဟာ Level 6 ပါ။

ဒီအချိန်မှာ ရှိတာနဲ့ပဲ ဖြစ်သလို ရအောင် လုပ်တော့မယ် ဆိုတဲ့ Level ကို ရောက်လာပါတယ်။ လက်ထဲ ဖုန်းရှိရင် ဖုန်း နဲ့ ၊ လက်တော့ ရှိရင် လက်တော့၊ hardware sampler ရှိရင် hardware sampler ပေါ့ဗျာ။

ဒါဆို ဒီ level မှာ ပိုက်ဆံ အကုန်အကျနည်းပြီပေါ့။

မထင်ပါနဲ့ ဒီ Level မှာ Mobile instrument တွေနဲ့ ဘယ်နေရာ ရောက်ရောက် reference လုပ်နိုင်မဲ့ earphone တွေ၊ Portable recorder တွေထပ်လိုချင်လာပြန်ကောဗျ။

Level 7

အိမ်မှာနေနေ studio ထဲ ရောက်နေနေ ကားပေါ်ပဲ ရောက်နေနေ တီးခတ်စရာ ပစ်စည်းတွေ စုံနေတဲ့ ကြားထဲ အသစ်အသစ်ထွက်တဲ့ Software, hardware တွေကို လိုက်ကြည့်ပြီး သရည်ကျတဲ့ Level ဟာ level 7 ပါ။

တခါတလေ ကိုယ်တိုင် လည်း တကယ်မသုံးဖြစ်မဲ့ instrument အဆန်းတွေ၊ အသစ်မိုလို့သာ free Download သာ ဆွဲထားလိုက်တယ်၊ install တောင် မလုပ်ဖြစ်တာတွေ။

ရရင် ရသလို မလိုအပ်တာတွေ ထပ်ဝယ်တဲ့ Level ကတော့ ဒီ Level ပါပဲ။

Conclusion

ဒါကြောင့် မိတ်ဆွေ ရှိတာနဲ့သာ သီချင်းကောင်းအောင်၊ အမိုက်စား Beat တွေ ရအောင်လုပ်ပါ။

သင့်ရဲ့ လိုချင် လောဘကတော့ သေတဲ့ အထိ အဆုံးသတ်မှာ မဟုတ်ပါဘူး လို့ပဲ ပြောချင်ပါတော့တယ်။

( ပုံကတော့ Hip Hop beat producer တွေရဲ့ လက်စွဲတော် MPC ဖြစ်ပါတယ်၊ ကျနော့်လိုချင်မူတွေထဲကတစ်ခုပေါ့၊ အခုချိန် သီချင်းလုပ်ဖို့ MPC မရှိမဖြစ် လိုအပ်လားဆိုတော့ မလိုအပ်ပါဘူးဗျ။ )

Knowledge Sharing By W3YA


 
 
 

Comments

Rated 0 out of 5 stars.
No ratings yet

Add a rating

W3YA

©2023 by m9w3ya. Proudly created with Wix.com

Donate Now

Help us make a difference

bottom of page