top of page

J. Cole နဲ့ Collabration လုပ်ထားတဲ့ Lil Durk ရဲ့ အယ်ဘမ်အသစ်အကြောင်း

  • m9w3ya
  • Apr 29, 2023
  • 1 min read

Lil Durk ရဲ့ အယ်ဘမ်အသစ်ကို J. Cole နဲ့ collabration လုပ်မယ်ဆိုပြီး သတင်းတွေထွက်လာခဲ့ပါတယ်။


XXL magazine ရဲ့ အင်တာဗျူး တစ်ခုမှာ Lil Durk ဖြေခဲ့တာက အယ်ဘမ်ရဲ့ နာမည်က "All My Life" လို့ ပေးထားတယ်လို့ဆိုပါတယ်ဗျ။


အဲ့ဒီအယ်ဘမ်ကို producing အနေနဲ့ Dr. Luke က လုပ်မှာဖြစ်ပြီး


" ကျနော်တို့ ဒီအယ်ဘမ်မှာ ဘယ် rapper နဲ့ အတူတွဲလုပ်ရင် ကွက်တိကျမယ်ဆိုတာကို အဖြေရှာခဲ့ကြပါတယ်။


ဘာလို့လည်း ဆိုတော့ အဲ့ထဲမှာလုပ်ဖြစ်ထားခဲ့တဲ့ သီချင်း တစ်ပုဒ်မှာ ပါဝင်ခဲ့တဲ့ rapper က သီချင်းနဲ့ ကွက်တိမကျခဲ့ဘူးဗျ... အဲ့အချိန်မှာပဲ J.Cole ကသာ အဲ့ဒီ သီချင်းမှာ ကျနော်လိုချင်နေတဲ့ အရာကို ဖြည့်နိုင်လိမ့်မယ်ဆိုတာ သိလာတာပါပဲ။


တကယ်လို့များ ဒီနေရာမှာ J. Cole မဖြစ်ခဲ့ဘူးဆိုရင်လည်း Kanye West နဲ့ပဲ အဆင်ပြေလိမ့်မယ်၊ ဒါပေမဲ့လည်း လောလောဆယ် Ye က လိုက်ရှာဖို့လည်း မလွယ်လှပါဘူး "


လို့ Lil Durk က ဖြေခဲ့ပါတယ်ဗျ။


( ပုံကတော့ Lil durk နဲ့ J. Cole တို့ကို Music video ရိုက်ကွင်း တခုမှာ တွေ့ရပုံဖြစ်ပါတယ်ဗျ )


Knowledge sharing by W3YA


 
 
 

Comments

Rated 0 out of 5 stars.
No ratings yet

Add a rating

W3YA

©2023 by m9w3ya. Proudly created with Wix.com

Donate Now

Help us make a difference

bottom of page