top of page

Akai Mpk Mini Review သို့မဟုတ် King of budget portable Midi Controller

  • m9w3ya
  • May 8, 2023
  • 2 min read

🔺 _ Weight


ကျနော်သုံးဖူးသမျှ Mini controller keyboard တွေထဲမှာ ဒီ Mpk mini က အပေါ့ဆုံး ပါပဲ


နေ့တိုင်းနီးပါး အပြင်ကို ယူသွားလေ့ရှိတဲ့ ကျနော့်အတွက် Keyboard ရဲ့ အလေးချိန်က 0.8kg ( 1.7 pound ) လောက်ပဲရှိတဲ့အတွက် အဆင်ပြေတာထပ် ပိုတယ်လို့ပြောရမယ်ဗျ။


🔺 _ Size


အရှည်က ၁၃ လက်မ လက်တော့ နဲ့ အတူတူလောက်ပဲရှိပြီး( ၁ပေကျော်‌လောက် ) ဗြက်အကျယ်က ၇ လက်မ ခန့်သာရှိပါတယ်

အထူက ၁ လက်မ ခွဲခန့်ပါ ဘယ် Backpack နဲ့မဆို ဆံ့လောက်အောင် သေးပါတယ်။


🔺 _ Technical specs


Midi in/out အတွက်က ပုံမှန် controller တွေလိုပဲ USB type A နဲ့ Sustain pedal ပေါက်ပါတာက‌ ဒီ Size keyboard တခုအတွက် အထူးအဆန်းလို့ပြောရမှာပါပဲဗျ။


Drum Pad က ၈ ခု Rotary Knob က ၈ ခု၊ Key က ၂၅ ခု၊

Mod wheel joystick၊ Octave up down၊ Onboard bulit in arpeggiator၊ full level for Pad၊ Note repeat၊ Cc button၊ PC button နဲ့ DAW custom midi setup အတွက် Program ၄ ခု onboard RAM မှာ သိမ်းထားလို့ရပါသေးတယ်။

( ကျနော့်ဟာက Mk2 version မှာပါ Mk3 မှာတော့ program ၈ ခုအထိ သိမ်းလို့ရမယ် ထင်ပါတယ် Mk2 ထပ် ဈေးလည်း အနည်းငယ် ပိုသလို upgraded function တွေကလည်း အားရစရာပါပဲ_လတ်တလော မြင်မိတဲ့ ဒီကဈေးကတော့ $160 တန်ကို ၅သိန်း နီးပါး ဖြစ်နေပါတယ် )


🔺 _ User Experience


ကျနော်ကတော့ သီချင်းတီးတဲ့အခါ Maschine ကိုအဓိက ထားသုံးတဲ့ အတွက် Mpk ရဲ့ Pad ကို အရင် စမ်းကြည့်ရင်း သဘောကျ မိခဲ့တယ်ဗျ

သူ့ရဲ့ Pad Sensitivity က Maschine mk2 လောက်အထိ ကောင်းတယ်လို့ ထင်မိပါတယ် Bank A/B ပြောင်းလို့ရတဲ့အတွက် 16 pads ရတယ်လို့ ပြောလို့ရပါတယ်။


နောက်တခု ကြိုက်တာက သူ့ရဲ့ Mini key လေးတွေပါ ကျနော့်မှာရှိတဲ့ Mini key တွေနဲ့ ယှဉ်ရင် မာတယ် Stiff ဖြစ်တယ် လို့ ခံစား မိပေမဲ့ အသားကျသွားတဲ့အခါမှ သူ့ Key တွေကို Sensitivity ချိန်ထားတဲ့ Velocity curve နဲ့ Key ရဲ့ မာတာနဲ့က ကွက်တိလောက်ပါပဲ။

( ဒီလို ဒေါ်လာ ၁ရာတန် Keyboard ထဲမှာတော့ သူ့ထပ်ကောင်းတာ ရှားပါလိမ့်မယ် )


Rotary knob တွေကတော့ ကျနော့် အတွက် သိပ်အဆင်မပြေလှပါဘူး


ဘာလို့လဲ ဆိုတော့ MPK mk2 ရဲ့ Knob တွေက 270° ပဲပေးထားတာပါ အဲ့ဒီအတွက် program တခုမှာ လှည့်ထားပြီးရင် နောက် program တခုအတွက် သုံးဖို့ဆို အရင်လှည့်ထားတဲ့ degree ကို memorize ဖြစ်နေတာက တိုင်အတော်ပတ်စေပါတယ်။


Knob တွေရဲ့ Usability ကလည်း Limit ဖြစ်သွားပါတယ်။


( Mpk Mk3 မှာတော့ endless encoder knob တွေဖြစ်သွားပါပီ ဒီပြဿနာမရှိတော့ပါဘူးဗျ ဒါများဘာလို့ Mk2 ပဲဝယ်တာလဲလို့ မမေးပါနဲ့ မဝယ်နိုင်လို့ပါ :3 )


နောက်တခု က Mod wheel joystick ပါ

သာမာန် keyboard တော်တော်များများက wheel တွေနဲ့ လာကြတာများပြီး နောက်ပိုင်း model အသစ်တွေက Touch panel လိုမျိုး သုံးကြပါတယ်။


Mpk ကတော့ အရင်ကတည်းက PlayStation controller မှာပါတဲ့ Joystick လိုမျိုးကို Mod wheel နေရာမှာသုံးထားတာပါ။


အပြင်မှာ ကိုယ်တိုင် မသုံးကြည့်ခင်အထိ ကျနော်မကြိုက်ဆုံးက အဲ့ Joystick ပါပဲ ဒါပေမဲ့ တကယ် သုံးကြည့်တော့မှ မဆိုးဘူးဟပေါ့ Response ကောင်းတဲ့အပြင် သေးတဲ့အတွက် နေရာစား သက်သာတယ် ပိုပေါ့သွားတယ်။


Onboard built in arpeggiator ပါတာကလည်း မဆိုးဘူး ပြောရပါမယ်

နောက်တခု ကြိုက်တာက Note repeat function ပါ။

ဒါက MPC, Machine အစရှိတဲ့ Groove box တွေမှာ မသုံးမဖြစ် လိုတဲ့ Function ပါပဲ


Trap, Drill လိုမျိုး Triplets တွေသုံးတဲ့ Music genre တွေတီးတဲ့အခါမှာ အသုံးတည့်လှပါတယ်။


Full level နဲ့ Note Repeat Function ၂ ခုပေါင်းလိုက်တာနဲ့ ကိုက Sampling လုပ်တာများပြီး Sample base တွေပဲ တီးတာများတဲ့ ကျနော့်အတွက် အတော် အဆင်ပြေနေပါပီ။


သူ့မှာ အသစ်ဝယ်ရင် ပါတဲ့ Virtual instrument တွေနဲ့ MPC beat DAW တွေ ‌download ဆွဲသုံးနိုင်ပါတယ်။

ဒါပေမဲ့လည်း ပေါ့လေ _ MPC beat DAW ကြီးက MPK နဲ့ Perfect midi match ဖြစ်တာကလွဲလို့ UI ကော DAW workflows ကောက Learning Curve တော်တော်များပြီး Pro ကျတဲ့ DAW တခုသုံးနေရသလို မခံစားရစေပါဘူး။


Mpk Knob တွေရဲ့ Resolution နိမ့်လို့လည်း ပါမယ် ထင်ပါတယ်။

( MPC Beat က free DAW တခုပါ Akai MPC web page မှာ download ရယူနိုင်ပါတယ်ဗျ )


🔺 Pro and Con


ကောင်းတာက ပေါ့တယ် ပါးတယ် အသုံးတည့်သမျှ အကုန်ပါတယ်

( တခြားနိုင်ငံတွေအနေနဲ့ ဈေးသက်သာတယ် ဒီမှာကတော့ အသစ်ဈေးဆို မသက်သာပါ )


MIDI MAP software သက်သက်ရှိပြီး ကြိုက်တဲ့ DAW ကို ညဏ်မှီသလောက် Midi map နိုင်တယ်။


မိတ်ဆွေတို့မှာ midi map template တွေရှိရင်လည်း အချင်းချင်း Share သုံးလို့ရတယ်။

( Mpk template တွေ ရောင်းတာကို ဝယ်သုံးလည်း ရတယ် )


မကောင်းတာကတော့ ဒီ Mk2 version မှာ Knob 270° ပဲရတာရယ် mini key တွေက နည်းနည်း မာတယ်လို့ ခံစားရတယ် ဒါပါပဲ။


🔺 _ Verdict


Akai Mpk mini mk2 က ဒီအချိန်မှာ ဝယ်သင့်သေးလား?


_ ကျနော့်လို အမြဲ ဟိုယူသွား ဒီယူသွား လုပ်တတ်တဲ့သူတွေ ဝယ်သင့်ပါတယ်


_ Mk3 လောက်ထိ တတ်နိုင်သူများကတော့ Mk2 ကို လှည့်မကြည့်ပါနဲ့ အများကြီးကွာပါတယ်ဗျ။


_ အခုမှ Midi controller တခု ဝယ်မယ် စလေ့လာသူတွေ အတွက်လည်း အရွေးမမှားတဲ့ Controller လို့ ပြောနိုင်ပါတယ်။


_ Akai Mpk mini mk2 မှာ ကျနော့် အကြိုက်ဆုံး အချက်ကဘာလဲ ဆိုရင်တော့ Weight ပေါ့တာပါပဲ။


( ကျနော့်ရှိသမျှ Midi Controller၊ Standalone Sampler၊ Pad Controller အားလုံးထပ်ကို ပေါ့ပါတယ် ဒါကြောင့်လည်း ဘယ်တော့ မဆို အပြင်ယူသွားဖို့ ၂ ခါပြန်စဉ်းစားစရာမလိုတော့တာပါ )


Knowledge sharing by W3YA


( အောက်ကပုံဟာ ကျနော်တို့ ကိုယ်ပိုင် ရိုက်ထားတဲ့ပုံဖြစ်ပြီး

စီးပွားရေးအရ ကူးယူသုံးစွဲခြင်း ခွင့်မပြုပါ ခင်ဗျာ _ Photography by Ko Aung Lwin Oo )



 
 
 

Comments

Rated 0 out of 5 stars.
No ratings yet

Add a rating

W3YA

©2023 by m9w3ya. Proudly created with Wix.com

Donate Now

Help us make a difference

bottom of page